ချန်ပီယံဆုကာကွယ်ပွဲကို အောက်တိုဘာလလယ်မှာ စတင်ယှဉ်ပြိုင်သွားမယ့်သက်ထားသူဇာ

Posted on

ပရိတ်သတ်ကြီးရေ ဒီတစ်ခါတင်ဆက်မယ့် သတင်းလေးကတော့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ အောက်တိုဘာလလယ်လောက်မှာ သူမရဲ့ ချန်ပီယံဆုကို ကာကွယ်ရမယ့် ပွဲလေးရှိနေပါတယ်။ သက်ထားသူဇာဟာ ၂၀၂၀ အိုလံပစ် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားပြီး အမှတ်စုဆောင်းနေသူလေး တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာဆိုရင် ကြက်တောင် အားကစားကို ၇ နှစ်လောက်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မိဘနှစ်ပါးလုံးကလည်း ကြက်တောင် အားကစားသမားဟောင်းတွေ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့ စတင်ကျင်းပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲ ၂ ခုစလုံး ယှဉ်ပြိုင်ကစားပြီး ဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ အသီးသီးကို ရယူနိုင်ထားပါတယ်။

သူမဟာ အဲဒီပြိုင်ပွဲမှာ ပထမအဆင့်မှာ ဂျော်ဒန်ကစားသမား အန်ရိုကို ၂ ပွဲပြတ်၊ ဒုတိယအဆင့်မှာ ချက်ကစားသမား ဒိုဗီဆိုဗာကို ၂ ပွဲပြတ်၊ ကွာတားဖိုင်နယ်မှာ ဟန်ဂေရီကစားသမား ကိုဆီရိုကို ၂ ပွဲပြတ်၊ ဆီမီးဖိုင်နယ်မှာ မလေးရှားကစားသမားလက်ရှာနာကို ၂ ပွဲပြတ်နဲ့အနိုင်ရခဲ့တာပါ။ Egypt International 2018 ပြိုင်ပွဲမှာ သူမဟာ ဂျော်ဒန်ကြက်တောင်မယ် အန်ရိုကို ၂ ပွဲပြတ်နိုင်ခဲ့ပြီး၊ ချက်ကြက်တောင်မယ် ဒိုဗီဆိုဗာကို လည်း ၂ ပွဲပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာလည်း ဟန်ဂေရီကြက်တောင်မယ် ကိုဆီရိုကို ၂ ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် မလေးရှားကြက်တောင်မယ် လက်ရှာနာကို ၂ ပွဲပြတ်အသီးသီးအနိုင်ယူခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘယ်လာရုစ် ကြက်တောင်မယ် အီလီဆီ က ဒဏ်ရာအခြေအနေကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သည့်အတွက် သက်ထားသူဇာဟာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ BWF ဦးစီးကျင်းပတဲ့ ပြိုင်ပွဲများအနက် သူမဟာ ပြိုင်ပွဲ ၃ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ ဆု ကို တစ်ကြိမ်၊ တတိယ ဆု ကို ၂ ကြိမ် ရရှိထားသူဖြစ်ပါတယ်။

သက်ထားသူဇာရဲ့ ဖခင်ကလည်း စက်တင်ဘာလ ပြိုင်ပွဲများအပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုကို ခဏ ရပ်နားထားမှာဖြစ်ပြီး ၂ ပတ်ကြာလေ့ကျင့်မှုတွေနဲ့ အီဂျစ်မှာကျင်းပမယ့် International Series ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ရရှိထားတဲ့ ချန်ပီယံဆုကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ နိုင်ငံဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကို အားပေးလိုက်ကြရအောင်နော်။

Writer – ME( Shwe Yaung Lan )

  • Zaw Gyi Version

ပရိတ္သတ္ႀကီးေရ ဒီတစ္ခါတင္ဆက္မယ့္ သတင္းေလးကေတာ့ ျမန္မာ့ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ သက္ထားသူဇာဟာ ေအာက္တိုဘာလလယ္ေလာက္မွာ သူမရဲ႕ ခ်န္ပီယံဆုကို ကာကြယ္ရမယ့္ ပြဲေလးရွိေနပါတယ္။ သက္ထားသူဇာဟာ ၂၀၂၀ အိုလံပစ္ ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ အျပင္းအထန္ ႀကိဳးစားၿပီး အမွတ္စုေဆာင္းေနသူေလး တစ္ဦးလည္းျဖစ္ပါတယ္။ သူမဟာဆိုရင္ ၾကက္ေတာင္ အားကစားကို ၇ ႏွစ္ေလာက္ကတည္းက ဝါသနာပါခဲ့တာျဖစ္ၿပီး မိဘႏွစ္ပါးလုံးကလည္း ၾကက္ေတာင္ အားကစားသမားေဟာင္းေတြ ျဖစ္ပါတယ္။ စက္တင္ဘာလ ၂၅ ရက္ေန႔ စတင္က်င္းပခဲ့တဲ့ Maldives International Challenge 2019 ၿပိဳင္ပြဲ ၂ ခုစလုံး ယွဥ္ၿပိဳင္ကစားၿပီး ျဖစ္ပါတယ္။ ရလဒ္ေကာင္းေတြ အသီးသီးကို ရယူႏိုင္ထားပါတယ္။

သူမဟာ အဲဒီၿပိဳင္ပြဲမွာ ပထမအဆင့္မွာ ေဂ်ာ္ဒန္ကစားသမား အန္႐ိုကို ၂ ပြဲျပတ္၊ ဒုတိယအဆင့္မွာ ခ်က္ကစားသမား ဒိုဗီဆိုဗာကို ၂ ပြဲျပတ္၊ ကြာတားဖိုင္နယ္မွာ ဟန္ေဂရီကစားသမား ကိုဆီ႐ိုကို ၂ ပြဲျပတ္၊ ဆီမီးဖိုင္နယ္မွာ မေလးရွားကစားသမားလက္ရွာနာကို ၂ ပြဲျပတ္နဲ႔အႏိုင္ရခဲ့တာပါ။ Egypt International 2018 ၿပိဳင္ပြဲမွာ သူမဟာ ေဂ်ာ္ဒန္ၾကက္ေတာင္မယ္ အန္႐ိုကို ၂ ပြဲျပတ္ႏိုင္ခဲ့ၿပီး၊ ခ်က္ၾကက္ေတာင္မယ္ ဒိုဗီဆိုဗာကို လည္း ၂ ပြဲျပတ္နဲ႔ ႏိုင္ခဲ့ပါတယ္။ ကြာတားဖိုင္နယ္မွာလည္း ဟန္ေဂရီၾကက္ေတာင္မယ္ ကိုဆီ႐ိုကို ၂ ပြဲျပတ္၊ ဆီမီးဖိုင္နယ္တြင္ မေလးရွားၾကက္ေတာင္မယ္ လက္ရွာနာကို ၂ ပြဲျပတ္အသီးသီးအႏိုင္ယူခဲ့ပါတယ္။ ဗိုလ္လုပြဲမွာေတာ့ ဘယ္လာ႐ုစ္ ၾကက္ေတာင္မယ္ အီလီဆီ က ဒဏ္ရာအေျခအေနေၾကာင့္ ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိခဲ့သည့္အတြက္ သက္ထားသူဇာဟာ ခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။ BWF ဦးစီးက်င္းပတဲ့ ၿပိဳင္ပြဲမ်ားအနက္ သူမဟာ ၿပိဳင္ပြဲ ၃ ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ဒုတိယ ဆု ကို တစ္ႀကိမ္၊ တတိယ ဆု ကို ၂ ႀကိမ္ ရရွိထားသူျဖစ္ပါတယ္။

သက္ထားသူဇာရဲ႕ ဖခင္ကလည္း စက္တင္ဘာလ ၿပိဳင္ပြဲမ်ားအၿပီး ၿပိဳင္ပြဲယွဥ္ၿပိဳင္မႈကို ခဏ ရပ္နားထားမွာျဖစ္ၿပီး ၂ ပတ္ၾကာေလ့က်င့္မႈေတြနဲ႔ အီဂ်စ္မွာက်င္းပမယ့္ International Series ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္က ရရွိထားတဲ့ ခ်န္ပီယံဆုကို ကာကြယ္သြားမယ္လို႔ ဆိုပါတယ္။ ပရိတ္သတ္ႀကီးေရ ႏိုင္ငံဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ သက္ထားသူဇာကို အားေပးလိုက္ၾကရေအာင္ေနာ္။

Writer – ME( Shwe Yaung Lan )

Leave a Reply

Your email address will not be published. Required fields are marked *