အခါပေးဆရာပြောတဲ့အတိုင်းထီစပ်တူထိုးရာက သိန်းတစ်သောင်းခွဲဆုကြီး ဆွတ်ခူးနိုင်ခဲ့တဲ့ ကားဝပ်ရှော့ဆရာကိုစိုးနိုင်

Posted on

အောင်ဘာလေထီ (၈)ကြိမ်မြောက် ကျပ် သိန်းတစ်သောင်းခွဲဆုကို မိတ္ထီလာမြို့က ဆွတ်ခူးခဲ့တယ်လို့ ကနဦး သိရပါတယ်။ ထီနံပါတ်ဟာ ဓ-၃၄၁၆၁၁ ဖြစ်ပြီး မိတ္ထီလာမြို့ အာင်ဇေယျရပ်ကွက်မှာ နေထိုင်တဲ့ ကိုစိုးနိုင် က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာမှာ ကားဝပ်ရှော့ ဆိုငဖွင့်လှစ်ထားတဲ့ ကိုစိုးနိုင်ဟာ မိသားစုဝင် ၈ ဦးရှိပါတယ်။ သူထီထိုးဖြစ်ပုံကတော့ ထူးဆန်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ကို စိုးနိုင်က အခါပေးဆရာက ကိုစိုးနိုင်ရဲ့ သမီးငယ်လေးဆီက မုန့်ဖိုး ၅၀၀ ကို ဘာမှမပြောဘဲ ယူလိုက်ပြီး အဲ့ဒီပိုက်ဆံနဲ့ပေါင်းပြီး ၃ အစ ၁ အဆုံး ထိုးခိုင်းလို့ ထိုးရင် ဒီဆုကို ပေါက်ခဲ့ကြောင်း၊ မိတ္ထီလာက အမြဲတမ်းထိုးနေတဲ့ ဒိုးကလေးဆိုင်မှာ ထိုးခဲ့ပြီ၊ အခုလို ထီဆုပေါက်ခဲ့ကြောင်း၊ အလှူအတန်းတွေလုပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို နေပြည်တော်၊ ကျောင်းကုန်း၊ ပုသိမ်၊ မန္တလေး၊ ဟင်္သတနှင့် မော်လမြိုင်မြို့တို့မှာ ဆွတ်ခူးခဲ့ကြပြီး ယခု ၈ ကြိမ်မြောက်ကတော့ မိတ္ထီလာမြို့က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ယခုလို သားသမီးကံအကျိုးပေးတာကြောင့် ကိုစိုးနိုင်တို့ မိသားစုလေးကို အားကျမိပါတယ်။ ဒီလို ထီဆုကြီးတွေကို ပေါက်ခဲ့တဲ့ လူတိုင်းလိုလိုဟာလည်း ထူးဆန်းမှုတွေအပြည့်ပါပဲ။ ပရိတ်သတ်ကြီးရော ဒီလိုထူးထူးဆန်းဆန်းလေးတွေဖြစ်ပြီး ထီမပေါက်ချင်ဘူးလား။

Writer – ME( Shwe Yaung Lan )

  • Zaw Gyi Version




Leave a Reply

Your email address will not be published. Required fields are marked *