လူေပါင္း ၂ သန္းေက်ာ္ရ႔ဲအသက္ကိုကယ္ႏိုင္ခ့ဲတ့ဲ ထူးျခားေသြးပိုင္ရွင္

Posted on

James Harrisonဆိုတဲ့လူတစ္​ဦးဟာ ​ေ႐ႊ​ေရာင္​လက္​​ေမာင္​းပိုင္​ရွင္​လို႔ တင္​စား​ေခၚ​ေဝၚျခင္​းခံရသူပါ။ ဘာ​ေၾကာင္​့လဲဆို​ေတာ့ သူ႔ရဲ႕ထူးျခားတဲ့​ေသြးဟာ ​ေျမာက္​ျမားလွစြာ​ေသာ လူ​ေတြရဲ႕အသက္​ကို ကယ္​တင္​ႏိုင္​တာ​ေၾကာင္​့ပါ။

သူအသက္​၁၄ႏွစ္​မွာ ခြဲစိတ္​မႈတစ္​ခုျပဳလုပ္​ခဲ့ရၿပီး ​ေသြးသြင္​းခဲ့ရလို႔ ျပန္​​လည္​​ေကာင္​းမြန္​ခဲ့ပါတယ္​။ ဒါ့​ေၾကာင္​့သူဟာ အသက္​၁၈ႏွစ္​ကစၿပီး ​ေသြးလွဴဒါန္​းခဲ့တယ္​လို႔ သိရပါတယ္​။

ဆရာဝန္​​ေတြဟာ သူ႔ရဲ႕​ေသြးထဲမွာ ထူးျခားတဲ့ Antibodyတစ္​ခုထုတ္​လုပ္​တာကို ​ေတြ႕ခဲ့ပါတယ္​။

James ရဲ႕​ေသြးဟာ သိပ္​ကိုအဖိုးတန္​တဲ့အတြက္​ သူ႔ရဲ႕အသက္​ကို ​ေဒၚလာ ၁မီလီယံ အာမခံထားရွိတယ္​လို႔ သိရပါတယ္​။

သူ႔ရဲ႕​ေသြးလွဴဒါန္​းမႈ​ေၾကာင္​့ ဆရာဝန္​​ေတြဟာ ​ကိုယ္​ဝန္​​ေဆာင္​မိခင္​​ေတြ မ​ေမြးရ​ေသးတဲ့ ရင္​​ေသြး​ေလးကိုကာကြယ္​ဖို႔အတြက္​ မ်ားစြာကူညီ​ေပးႏိုင္​ခဲ့ပါတယ္​။

အသက္​62နွစ္​အ႐ြယ္​ James ဟာ ​ေသြးလွဴဒါန္​းမႈကို အပတ္​တိုင္​းလိုလို ျပဳလုပ္​တယ္​လို႔ သိရပါတယ္​။

သူ႔ရဲ႕လွဴဒါန္​းမႈ​ေၾကာင္​့ က​ေလးငယ္​​ေပါင္း ၂ သန္းေက်ာ္ရ႔ဲအသက္ကိုကယ္ႏိုင္ခ့ဲပါတယ္​။



Writer – LLA ( Shwe Yaung Lan )
Source -Appreciate

  • unicode version
    James Harrisonဆိုတဲ့လူတစ်ဦးဟာ ရွှေရောင်လက်မောင်းပိုင်ရှင်လို့ တင်စားခေါ်ဝေါ်ခြင်းခံရသူပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ထူးခြားတဲ့သွေးဟာ မြောက်မြားလှစွာသော လူတွေရဲ့အသက်ကို ကယ်တင်နိုင်တာကြောင့်ပါ။

သူအသက်၁၄နှစ်မှာ ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ရပြီး သွေးသွင်းခဲ့ရလို့ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာ အသက်၁၈နှစ်ကစပြီး သွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်တွေဟာ သူ့ရဲ့သွေးထဲမှာ ထူးခြားတဲ့ Antibodyတစ်ခုထုတ်လုပ်တာကို တွေ့ခဲ့ပါတယ်။

James ရဲ့သွေးဟာ သိပ်ကိုအဖိုးတန်တဲ့အတွက် သူ့ရဲ့အသက်ကို ဒေါ်လာ ၁မီလီယံ အာမခံထားရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့သွေးလှူဒါန်းမှုကြောင့် ဆရာဝန်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေ မမွေးရသေးတဲ့ ရင်သွေးလေးကိုကာကွယ်ဖို့အတွက် များစွာကူညီပေးနိုင်ခဲ့ပါတယ်။

အသက်62နှစ်အရွယ် James ဟာ သွေးလှူဒါန်းမှုကို အပတ်တိုင်းလိုလို ပြုလုပ်တယ်လို့ သိရပါတယ်။

သူ့ရဲ့လှူဒါန်းမှုကြောင့် ကလေးငယ်ပေါင်း ၂ သန်းကျော်ရဲ့အသက်ကိုကယ်နိုင်ခဲ့ပါတယ်။



Writer – LLA ( Shwe Yaung Lan )
Source -Appreciate

Leave a Reply

Your email address will not be published. Required fields are marked *