2045 ခုနှစ်ကလာတဲ့ အချိန်ခရီးသွားသူတစ်ယောက်

Posted on









  • unicode version

အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုထဲက လူတစ်ဦးကတော့ သူ့ကိုယ်သူ 2045 ခုနှစ်ကလာတဲ့သူတစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။

သူဟာအတိတ်ကာလကို သွားနိုင်တဲ့စက်ကိရိယာတွေကိုတီထွင်တဲ့ သိပ္ပံပညာတစ်ဦးလို့ဆိုပါတယ်။ သူဟာ ဗွီဒီယိုထဲမှာ အခုလိုပဲပြောကြားသွားတာပါ။

“ကျွန်တော်မြန်မြန်လုပ်မှဖြစ်မယ် သူတို့ကျွန်တော့်ကို ခြေရာခံမိသွားပြီ ကျွန်တော်ပြောပြချင်တဲ့အရာက ကျွန်တော့်အကြောင်းပါ ယုံကြည်ဖို့ ခက်ခဲမယ်မှန်းတော့သိပါတယ် ခင်ဗျားကတော့ ကြုံဖူးမှမဟုတ်တော့ ခံစားဖူးမှာမဟုတ်ဘူး ဒါပေမယ့် ကျွန်တော်အမှန်တွေပြောနေတာ”

“အချိန်ခရီးသွားဆိုတာ တကယ်ရှိတယ် လက်ရှိလူသားတွေက အနာဂါတ်ကို ခရီးသွားနိုင်ကြတယ် ပြန်လာနိုင်တယ်” လို့ သူက ဗွီဒီယိုထဲမှာပြောပြခဲ့ပါတယ်။

သူ့အကြောင်းကိုရှင်းပြရာမှာတော့
“ကျွန်တော်က ၂၀၄၅ခုနှစ်ကလာတာပါ ကျွန်တော်က သိပ္ပံပညာရှင်တစ်ယောက်ပါ လူတွေကို အတိတ်ကိုရောက်သွားစေနိုင်တဲ့စက်ကိရိယာတွေကိုဖန်တီးတယ် အနာဂါတ်မှာ လူသားတွေနဲ့ စက်ရုပ်တွေဟာ တပေါင်းတစည်းထဲ ဖြစ်သွားလိမ့်မယ် AIနည်းပညာဟာ နောက်ဆိုတလောကလုံးကို အုပ်စိုးသွားလိမ့်မယ် ၂၀၁၈ရောက်ရင် နိုင်ငံတွေဆိုတာ မရှိတော့ဘူး အနာဂါတ်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူး” လို့ပြောခဲ့ပါတယ်။

သူဟာ နည်းပညာတွေကို ပြောင်းလဲဖို့ပြောခဲ့ပြီးနောက်
“သူတို့ကျုပ်ကိုလိုက်ရှာနေကြပြီ ဒါကျွန်တော့်ရဲ့နောက်ဆုံးအခိုက်အတန့်ပဲဖြစ်လိမ့်မယ်” လို့ဆိုကာ အဆုံးသတ်မှာတော့ သူဟာ Mega citiesတွေမှာ လူတွေ ဘယ်လိုအသုံးအဆောင်တွေကိုသုံးပြီးနေထိုင်ကြတယ်ဆိုတဲ့ ဗွီဒီယိုကို ပြသသွားခဲ့ပါတယ်။


Writer – LLA ( Shwe Yaung Lan )
Source-Alltime Conspiracies